ခန္တီး ၂၈ မေ


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ အရှေ့ကောက်တောင်းကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာဘက်စုံသုံး ခန်းမဖွင့်ပွဲ အခမ်းအနားကို မေ ၂၇ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းမိုးတို့က အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရာဌေးက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာဘက်စုံသုံးခန်းမ ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။


ထို့နောက်ကျေးရွာဘက်စုံသုံးခန်းမဖွင့်ပွဲမုဒ်ဦးကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ အလျားပေ ၄၀၊ အနံ ၁၈ ပေ၊ အမြင့် ၁၂ ပေ တည် ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀ဝ ၊ ပြည်သူထည့် ဝင်ငွေ ၁၅ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများက အနီးကပ်ကြီးကြပ် ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စိုးမိုးကျော်