ကော့ကရိတ်  ၁၇   မေ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနတို့သည် ပြည်သူများ သဘာဝဘေး အန္တရာယ်ဆိုင်ရာ သိကောင်းစရာများ သိရှိစေရေး၊ စာပေများဖတ်ရှုနိုင်စေရေး ရည်ရွယ်၍ နယ်လှည့်အသိပညာပေး လုပ်ငန်းကို ယမန်နေ့မွန်းလွဲက ကျောက်စရစ်ကုန်းကျေးရွာရှိ နေအိမ်တွင် ကျင်းပသည်။

 

ရှေးဦးစွာ ကော့ကရိတ်မြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ အကြီးတန်းစာရေး ဦးထွန်းထွန်းနိုင်က သဘာဝဘေးနှင့်ပတ်သက်၍ အပူဒဏ်လွန်ကဲခြင်း၊ ရေကြီး၊ မိုးခေါင်ရေရှား၊ မိုးကြိုး၊ လျှပ်စစ်၊ မီးဘေး၊ ငလျှင်၊ မုန်တိုင်းစသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်ရှောင်ရန် အချက်များကိုလည်းကောင်း၊ ခရိုင်ပြန်ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးဝင်းက ဌာန၏လုပ်ငန်းဆောင်ရွက်များနှင့် စာပေဖတ်ရှုရခြင်းအကျိုးများကိုလည်းကောင်း ဟောပြောကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှု၊ မူးယစ်ဆေး၊ သဘာဝဘေးစသည့် အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံများ သဘာဝဘေး ပညာပေး ဗီဒီယိုဇတ်လမ်းများ ကြည့်ရှုကြပြီး စာအုပ်များဖတ်ရှုငှားရမ်းကြကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)

 

e 20190