ခေါင်လန်ဖူး ၂၁  ဩဂုတ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကျေးရွာတိုင်း ယင်လုံအိမ်သာသုံးစွဲနိုင်‌ရေး အတွက် ကောင်လိုလပ်‌‌အုပ်စုတွင် သြဂုတ် ၂၀ ရက် နံနက်က မြို့နယ်ပြည့်သူ့ ကျန်းမာရေးဦးစီးဌာနမှ ယင်လုံအိမ်သာခွက်များ အခမဲ့ဖြန့်‌ဝေပေးခဲ့သည်။

 

ယခုလို မိုးတွင်းကာလတွင် ဝမ်းပျက် ဝမ်းလျှော‌ရောဂါများ မဖြစ်ရေးအတွက် ကျေးရွာများတွင် ကျန်းမာရေး အသိညာပေး ဟောပြောပွဲများ ဆောင်ရွက်ကာ အိမ်တိုင်း ယင်လုံအိမ်သာအသုံးပြုနိုင်ရန် ရည်ရွယ်၍ ယင်လုံအိမ်သာခွက်များကို တတ်နိုင်သလောက် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဂွမ်ဆိုင်းလီက ပြောကြားခဲ့သည်။

 

ကောင်လိုလပ်ကျေးရွာအုပ်စုတွင် ပါဝင်သော ရီဒမ်း၊ ဖုလွမ်း၊ ဝခယ်၊ မကာထနှင့် ချွမ်တိမ်းကျေးရွာများ အတွက် ယင်လုံအိမ်သာခွက် အစုံ ၅၀ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသည့် ယင်လုံအိမ်သာ မရှိသေးသည့် ကျေးရွာများသို့လည်း ဆက်လက်ဖြန့်ဝေနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)