ချစ်လို့ပြောသည်မှတ်ပါသည်နှင့် အမှတ်တရ ရသစာပေများထွက်ရှိ

၂၄ သြဂုတ်

လေယာဉ်မှူးကြီး သိန်းဇော်ရေးသားသည့် ချစ်လို့ပြောသည်မှတ်ပါသည်နှင့် အမှတ်တရ ရသစာစုများ စာအုပ်ထွက်ရှိလာသည်။ စာအုပ်တွင် လူငယ်များ၏ နားနှင့်ဝင်ဆံ့အောင် အံဝင်ခွင်ကျဖြစ်လောက်သော အကြောင်းအရာများကို အဓိကဦးတည်ချက်ထား၍ ထိရောက်စွာပြုစုထားသည်။ စာအုပ်တွင် ရသစာစု စုစုပေါင်း၂၅ ပုဒ်ပါပြီး ဆရာတပည့်၊ မိဘနှင့် သားသမီး၊ မိတ်ဆွေများအချင်းချင်းကြားတွင်ထားရှိရမည့် ချစ်ခြင်းမေတ္တာနှင့် မေတ္တာ၏ အစွမ်းထက်ပုံတို့ကို စာရေးသူ၏ ဘဝအတွေ့အကြုံများဖြင့် ရေးသားဖော်ပြထားသည်။

ထို့ပြင် တပ်မတော်မှ လေသူရဲများ၏ စံပြုပုဂ္ဂိုလ် လေသူရဲဗိုလ်မှူး သူရအုန်းခိုင်အကြောင်း ရေးသားထားသဖြင့် လေကြောင်း ပညာရပ်ကို စိတ်ဝင်စားသည့်လူငယ်များအတွက် စိတ်ဓာတ်မြင့်မားဖွယ်ရာစာအုပ်ဖြစ်သည်။ စာပေချစ်သူများအားလုံး လေယာဉ်စီးခြင်းကိုကြောက်စရာဟု မထင်စေလိုဘဲလေကြောင်းဖြင့် ခရီးသွားခြင်းသည်အမြန်ဆုံး၊ လူအသက်သာဆုံးနှင့် လုံခြုံမှုရှိပုံတို့ကို ရေးသားထားသည့်အတွက်ရသစုံပေစွမ်းနိုင်မည့် စာအုပ် ဖြစ်သည်။

ဂျူတီစာပေမှ ထုတ်ဝေပြီး တန်ဖိုးငွေကျပ် ၃၀ဝဝ ဖြင့် ဝယ်ယူဖတ်ရှုနိုင်သည်။

မေမိုးသဲ