ချောက် ၆ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အမှတ်(၄)ရပ်ကွက် လွတ်လပ်ရေးရပ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း အမှတ်(၂)ရေနံချက်စက်ရုံဝင်း အတွင်းရှိ နှစ်သက်တမ်း(၁၀ဝ)ကျော်ခန့်ရှိ ထနောင်းပင်သည် လေမတိုက်ဘဲ ပြိုလဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထနောင်းပင်သည် နှစ်သက်တမ်း(၁၀ဝ)ကျော်ခန့် ရှိပြီး လုံးပတ် ၈ပေ၊ အမြင့်ပေ၅၀ ရှိကာ ယနေ့ နံနက် ၄နာရီခန့်က ပြိုလဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သစ်ပင်ပြိုလဲကျမှုကြောင့် ရေနံလျှပ်စစ်မီးတိုင်မှ မီးကျိုးများလျော့ကျခြင်း၊ အမြင့် ၆ ပေ အရှည် ၁၅ ပေခန့် အုတ်တံပျက်စီးပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရသေဆုံးမှုမရှိကြောင်း သိရသည်။

 

အခင်းဖြစ်ပွားရာသို့ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း နှင့်သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေနံချက်စက်ရုံမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ရှင်းလင်းဆောက်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)

 

mdn