ချောက် ၂၅ ဩဂုတ်

ချောက်မြို့နယ်၊ ဆင်ကကျေးရွာ၊ ဆင်သောက်ကန်သည် ဩဂုတ် ၂၄ ရက် ညပိုင်း မိုးရွာသွန်းမှုကြောင့် ကန်ရှိရေများ များလာရာ ယနေ့နံနက်ပိုင်းက မြေသားတမံများ အက်ကွဲ၍ ရေများစိမ့်ထွက်လျက်ရှိကြောင်း သိရသည်။

 

1720

 

ဆင်သောက်ကန်သည် ရေဝင်ဧရိယာဧက ၆ ဧကခန့်ရှိပြီး မြေသားတမံအမြင့် ပေ ၃၀၊ မြေသားတမံ၏ အောက်ခြေထု ၅၀၊ မြေသားတမံအပေါ်ထု ၂၀၊ မြေသားတမံ၏အရှည် ပေ ၇၀ဝ ခန့်ရှိကြောင်း၊ ယခင်လွန်ခဲ့သည့် ၅ နှစ်က တာဘောင်ကျိုးကျခဲ့ရာ ကျေးရွာရှိ ပြည်သူများက ကိုယ်ထူကိုယ်ထ ပြုပြင်ခဲ့ကြောင်း၊ ယခုဖြစ်ပွားသည့်နေရာမှာလည်း ယခင်ကဖြစ်ပွားခဲ့သောနေရာမှ မြေသားများအက်ကွဲ၍ ရေများယိုစိမ့်လျက်ရှိကြောင်း သိရသည်။

 

314

 

အဆိုပါဖြစ်စဉ်နေရာသို့ မကွေးတိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်၊ မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်နှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များ၊ ကျေးရွာရှိပြည်သူများက ဝိုင်းဝန်း၍ ရေပိုလွှဲမှရေများလျော့ချမှုများ ဆောင်ရွက်ပြီး မြေသားအက်ကျမှု ရေယိုစိမ့်မှုများအား သဲအိတ်များချခြင်းဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)