ချောက် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ခေတ်နှင့်အညီ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းတို့မှာ မဖြစ်မနေ တတ်သိနားလည်ထားရမှာ ဖြစ်သည့်အတွက် သင်တန်းဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားပြီး ပြင်ပကျွမ်းကျင်ဓာတ်ပုံပညာရှင် နည်းပြဆရာ ဦးထိုက်အောင်နှင့်အဖွဲ့က မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးရာတွင် ရှောင်ရန်/ဆောင်ရန် အချက်များ၊ ဗီဒီယိုတည်းဖြတ်နည်းများ၊ Effect အသုံးပြုနည်း၊ ဗီဒီယိုတစ်ပုဒ်ရိုက်ကူးခြင်းနှင့် အသံသွင်းခြင်းများ၊ ရုပ်/သံတည်းဖြတ်၍ အသံသွင်းထားသည့် ဗီဒီယိုအား Export ထုတ်နည်း၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးမှု ရှုထောင့်တို့အား လက်ဆင့်ကမ်း သင်ကြားပြသပေးခဲ့သည်။
အဆိုပါသင်တန်းသို့ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၇)ဦး တက်ရောက်ခဲ့ကာ သိရှိလိုသည်များကို အသီးသီးမေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


