ချောက် ဧပြီ ၈

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်မှစ၍ မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီကစ၍ သမိုင်းဘာသာရပ်ကို ချောက်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

ချောက်မြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကြီးနီ၊ ဂွေးချို၊ ဂွေးပင်၊ ကြောင်လျာတော၊ ကျောက်ရဲ၊ စလေတို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတို့တွင်  စာစစ်ဌာန(၇)ခု ဖွင့်လှစ်ထားရှိရာ ချောက်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆိုမည့်သူ ကျောင်းသား (၁၁)ဦး၊ ကျောင်းသူ (၇)ဦး စာရင်းရှိရာ ကျောင်းသား (၈)ဦး၊ ကျောင်းသူ (၇)ဦး ဝင်ရောက်ဖြေဆိုပြီး ၈၃ ဒသမ ၃၃ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မနောဖြူလူမှုကူညီရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)