ချောက်  ၁၅  ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် အိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ဝါးထရံ ရက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး နေ့စဉ်စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ယခင်က ဝါးထရံရက်လုပ်ရာတွင် ဒေသထွက် ဝါးမျိုးများကိုသာ အသုံးပြုခဲ့ကြပြီး ယခုအခါ ဝါးထရံရက်လုပ်ရန် ကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်သည့် ကြတ်သောင်းဝါး အမျိုးအစားများကို မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်မှ မှာယူရပြီး ဝါးတစ်လုံး ဒေသအရောက် သယ်ယူစရိတ်မှာ တစ်လုံးလျှင် ငွေကျပ် ၁၅၀  ဖြစ်ကာ ဝါးတစ်လုံးကို ကျပ် ၃၅၀၊ ၄၀၀၊ ၇၅၀ စသည့် အမျိုးအစားလိုက်၍ ဝယ်ယူရကြောင်း သိရသည်။

 

ဝါးထရံ ရက်လုပ်နေသူ မကျည်းကန်ကျေးရွာနေ ကိုရဲလှ၀င်းက ဝါးထရံရက်လုပ်ရာတွင် ရိုးရိုး(အထူနှင့်အပါး)ကို အဓိကထားရက်လုပ်ပြီး နှစ်ပါးချီ၊ ကွက်ဆန်းနှင့် ပွဲထောင်များကို မှာယူ သူရှိမှသာ ရက်လုပ်ရောင်းချ ရကြောင်း၊ ဝါးထရံ(အပါး) ၁၅ ပေ× ၆ ပေ တစ်ချပ်ကို ကျပ် ၁၈၀၀၀၊ ဝါးထရံ(အထူ) ၁၅ ပေ × ၆ ပေ တစ်ချပ်ကို ကျပ် ၃၆၀၀၀ နှုန်းဖြင့် ရောင်းချရကြောင်း။ အနံ၊ အထူအပါး ပေါ်လိုက်၍ ဈေးနှုန်းများအမျိုးမျိုးရှိပြီး တစ်နေ့လျှင် မိသားစု တစ်နိုင်တစ်ပိုင် အနေဖြင့် အိမ်တွင်းလက်မှု ဝါးထရံ (ရိုးရိုးအထူ) ရက်လုပ်ရာတွင် နေ့စဉ်၀င်ငွေကျပ် ၁၅၀၀၀ မှ  ကျပ် ၂၀၀၀၀ အထိ ရရှိကြောင်း  ပြောသည်။

 

မြို့နယ်(ပြန်/ဆက်)