ချောက် ၂၅ ဩဂုတ်
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဧရာဝတီမြစ်ရေ တိုးမြင့်ဝင်ရောက်လာမှုကြောင့် မြေနိမ့်ပိုင်းဖြစ်သော မြစ်ရေ ဝင် အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၇)၊ အမှတ်(၈)ရပ်ကွက်တို့မှ အိမ်ထောင်စုများသည် ယာယီ ရေဘေးရှောင် စခန်းများ၊ နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ခေတ္တနေထိုင်လျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက် ၆ နာရီ ဧရာဝတီမြစ်ရေတိုင်းတာချက်မှာ ၁၄၂၂ စင်တီမီတာသို့ရောက်ရှိပြီး ချောက်မြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၁၄၅၀ စင်တီမီတာဖြစ်သည့်အတွက် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၂၈ စင်တီမီတာသာ လိုတော့သည်။
ထိုကြောင့် မြေနိမ့်ပိုင်း ရေဝင်ဧရာဝတီမြစ်ကမ်းတစ်လျှောက် နေထိုင်သောရပ်ကွက်များကို ဂရုစိုက်နေထိုင် သွားကြပါရန် အသိပေးနှိုးဆော်ခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက နှိုးဆော်အသိပေးကြကြောင်း သတင်းရရှိသည်။
ကျော်မိုး(ပြန်/ဆက်)


