ချောက် ၁၅ မေ 


ချောက်မြို့ အမှတ်(၁၅)နယ်မြေ ရတနာအိုင့်ရပ်ကွက်၊ လမ်းမတော်လမ်းဘေးတွင် မေ ၁၄ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး အခမဲ့ ရေချိုးစခန်း ဖွင့်လှစ်ခဲ့သည်။


“အပူရှိန်မြင့်တက်နေသည့် ချောက်မြို့တွင် ဒေသခံပြည်သူများ အပူဒဏ်သက်သာစေဖို့ သဘာဝ ရေအေးနဲ့ ရေချိုးချင်သူတွေအတွက် ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ရေချိုးစခန်းမှာ လာရောက် ရေချိုးသူများပြားပါက နောက်ထပ် ရပ်ကွက်နှစ်ရပ်ကွက်မှာ ရေချိုးစခန်း နှစ်ခုနဲ့ မြို့ မြောက်ဘက်ရှိ ကျောက်တဲရပ်ကွက်တွင် ရေချိုးစခန်း ထပ်မံ ဖွင့်လှစ်ပေးဖို့လည်း ရှိကြောင်း၊ အပူဒဏ် ကာကွယ်ဖို့ ရေရှားပါးမှုရှိတဲ့ ဒေသမှာ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက်  အထောက်အကူ ဖြစ်စေရေး၊ ရေချိုးချိန် မှန်ကန်ရန်နှင့် အပူရှပ်ခြင်းမှ ကာကွယ်ရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းထံမှ သိရသည်။


ယင်းရေချိုးစခန်းကို မနက် ၅ နာရီမှ ၉ နာရီ၊ ညနေ ၆ နာရီ မှ ည ၈ နာရီအထိ ရေချိုးချိန်အဖြစ် သတ်မှတ်ထားပြီး အမျိုးသားနဲ့ အမျိုးသမီးသီးသန့် အကာအရံတွေနဲ့ နှစ်မျိုး ခွဲခြားထားကြောင်း သိရသည်။


မချို(ချောက်)