ချောင်းဆုံ ၄ ဇူလိုင်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဇူလိုင် ၄ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် လူနေအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် နတ်မှော်ကျေးရွာအုပ်စု နတ်မှော်ရွာဟောင်းရှိ ရွှေကျင်ဓမ္မနိကာယ ဘုန်းကြီးကျောင်း ဓမ္မာရုံ သစ်ခင်း၊ သစ်ကာ၊ သွပ်မိုးတစ်ထပ်တိုက် အဆောက်အဦ၏ သစ်ဒိုင်နှင့် အမိုးများပျက်စီးခဲ့ပြီး နတ်မှော်ရွာဟောင်းကျေးရွာရှိ ဒေါ်ရီသန်း ၏ တဲအိမ်(၁)လုံးပျက်စီးခဲ့ကြောင်းနှင့် သက္ကောကျေးရွာရှိ ဦးတင်မောင် နေအိမ်၏ သစ်ဒိုင်နှင့်အမိုးများ ပျက်စီးခဲ့ကာ လူနှင့်တိရစ္ဆာန်များထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘေးအန္တရာယ်ခံစားနေရသည့် အိမ်ထောင်စုဝင်များအား တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ထောက်ပံ့နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်(ပြန်/ဆက်) မှ သိရသည်။
MDN


