ချောင်းဆုံ ၂၁ သြဂုတ်        

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သြဂုတ်လ ပထမအပတ်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကော့မုပွန်ကျေးရွာနှင့် ချောင်းဆုံအနောက်ရပ်ကွက်တို့တွင် စိုက်ပျိုးသည့် မိုးစပါးစိုက်ဧက ၁၄၁ ဧက ပျက်စီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အဆိုပါရေကြီးနစ်မြုပ်ပျက်စီးသွားသည့် ကော့မုပွန်ကျေးရွာတွင် လယ်စိုက်ဧက (၁၁၁)ဧကနှင့် ချောင်းဆုံအနောက်ရပ်ကွက်တွင် လယ်ဧက (၃၀)ဧကပျက်စီးခဲ့ပြီး လယ်သမားများအား မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းနိုင်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)