ချောင်းဆုံ ဧပြီ ၁၆
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူအများ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် စည်ကားနေပြီး ရွာလွတ်ကျေးရွာရှိ ဒေသထွက်ပစ္စည်းအရောင်းဆိုင်များတွင်လည်း အမှတ်တရပစ္စည်း ဝယ်ယူသူများနှင့် စည်ကားလျက်ရှိသည်။
မဟာသင်္ကြန်ကာလအတွင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဉပုသ်သီလ ဆောက်တည် ကြသူများ၊ တရားစခန်းများ၌ တရားအားထုတ်ကြသူများ၊ မဟာသင်္ကြန်အတက်နေ့ တောင်ပေါ်ကြီး ဘုရားပွဲတော်တွင်လည်း ဧည့်သည်ခေါ်ဘုရားပွဲတော်ကို ရိုးရာအစဉ်အလာအတိုင်း အကျွေးအမွေးဖြင့် ဧည့်ခံ ကျွေးမွေးခြင်း၊ အတာရေကစားကြသူများနှင့် ရေပက်ခံထွက်ကြသူများအတွက် ရပ်ကွက်၊ ကျေးရွာများတွင် လည်း စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားနေပြီး မြန်မာ့ရိုးရာရေသဘင်ပွဲကို အေးချမ်းစွာဆင်နွှဲလျက်ရှိ ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)