ချောင်းဆုံ ဩဂုတ် ၂၉
တောင်သူများ အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ သဘာဝမြေဩဇာ သုံးစွဲနည်းဆိုင်ရာ တောင်သူနည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မြေအသုံးချရေးတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေမီအုန်းဝင်းက မြေဆီလွှာမပြုန်းတီးရေး သဘာဝမြေဩဇာ အစားထိုးအသုံးပြုရေး၊ ဓာတ်မြေဩဇာကို အကျိုးရှိစွာအသုံးချနိုင်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၃၀) တက်ရောက်ခဲ့သည်။
ဤသင်တန်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စိုက်ပျိုးရေးဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော စားနပ်ရိက္ခာ ဖူလုံရေးကို ရှေးရှုပြီး ဆင်ရဲနွမ်းပါးမှုလျှော့ချနိုင်ရန် တောင်သူများ ဝင်ငွေတိုးတက်ရရှိစေနိုင်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)