ချောင်းသာ  ၂၅  ဩဂုတ်


ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ လုံခြုံရေးကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ ညနေပိုင်းက ချောင်းသာမြို့ စုပေါင်းရုံးအစည်းအဝေးခန်းမဆောင်၌ ပြလုပ်သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင်  မြို့အုပ်ချုပ် ရေးမှူး ဦးဆောင်၍ အုပ်ချုပ်ရေးအဖွဲ့များ၊ ချောင်းသာကမ်းခြေရေယာဉ် အသင်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကမ်းခြေလုံခြုံမှုရှိစေရေးအတွက် အခြားဒေသမှ စက်လှေအဝင်အထွက်များကို စနစ်တကျ မေးမြန်းစစ်ဆေးခြင်း၊ မိမိတို့ဒေသမှ စက်လှေအဝင်အထွက် အသွားအလာများအား မြို့ဧရိယာကျော်လွန်ပြီး သွားရောက်မှုများရှိပါက လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ချမှတ်ခြင်း စသည်ဖြင့် ကိုဗစ်-၁၉ ကပ်ရော ဂါဖြစ်ပွားနေသည့် ကာလများအတွင်း အသွားအလာ၊ အဝင်၊ အထွက်တို့ကို စနစ်တကျပူး‌ပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ကိုကိုမောင်(ပြန်/ဆက်)