ချောင်းသာ သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ချောင်းသာကမ်းခြေတွင် ယမန်နေ့ ညနေ ၅ နာရီက ဝေလငါးမျိုးစိတ်ဝင် ငါးကြီးတစ်ကောင် သောင်တင်လျက်တွေ့ရှိခဲ့ပြီး ပင်လယ်ပြင်သို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
မြို့ငါးလုပ်ငန်းဦးစီးဌာန၊ မြို့ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများသည် ကမ်းခြေတစ်လျှောက် ငါးလုပ်ငန်းဆိုင်ရာလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေစဉ် ချောင်းသာကမ်းခြေ သီရိဟိုတယ်ရှေ့ ကမ်းခြေတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလျား ၁၀ ဒသမ ၇ ပေ၊ လုံးပတ် ၅ ပေ၊ ရေယက်အကျယ် ၃ ပေခန့်ရှိ ဝေလငါးမျိုးစိတ်ဝင် ငါးကြီးတစ်ကောင်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဝေလငါးမျိုးစိတ်ငါးကြီးအား မြို့ငါးလုပ်ငန်းဦးစီးဌာနမှူးမှ ဦးစီး၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ပင်လယ်ပြင်သို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)