ချောင်းဦး ၄ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေေထွေရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ (နည်းပြ)သင်တန်းကို ယနေ့ နံနက် ၉ နာရီက အနော်ရထာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ချောင်းဦးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော် က သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညိုညိုသန်း က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ချောင်းဦးမြို့နယ်တွင် မဲရုံအရေအတွက် (၈၆)ရုံထားရှိမှာဖြစ်ပြီး၊ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ကြေညာရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၈၆၃၀၈)ဦး ကြေညာခဲ့ရာမှာ ပုံစံ(၃)ဖြင့် လျှောက်ထားကြတဲ့အတွက် ယခုလက်ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၇၂၀၇)ဦးရှိကြောင်း ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ချစ်စုလှိုင် က ပြောသည်။

 

သင်တန်းကို ချောင်းဦးမြို့နယ်အတွင်းမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၂)အုပ်စုမှ ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ပြီး ၄င်းတို့မှတစ်ဆင့် ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များကို ဆင့်ပွားသင်တန်းအဖြစ် ပြန်လည်ပို့ချပေးရမည်ဖြစ်ကြောင်း သိရသည်။

 

အိအိအောင်(ချောင်းဦး)