နေပြည်တော် ၂၆ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်း၌ ဩဂုတ် ၂၅ ရက်က နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူ ငြိမ်းမင်းထိုက်ပါ ၄၇ ဦးအား သက်ဆိုင်ရာ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးဥပဒေဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲတင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း၌ ဩဂုတ် ၂၅ ရက်က နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူ ဦးထန်းမံပါ ၁၅ ဦးအားလည်ကောင်း၊ မတူပီမြို့နယ်အတွင်း၌ နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူ ဦးကျုံဆားပါ ၁၂ ဦးအားလည်းကောင်း သက်ဆိုင်ရာမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် သက်ဆိုင်ရာ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲတင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


