ချောင်းဦး ၁၄   သြဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မီးသတ်ဦးစီးဌာန (မီးသတ်စခန်းရုံး)ရှေ့တွင် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လွှဲပြောင်းပေးအပ်သော မီးသတ်ကား ၂ စီးအား နတ်ရေကန်ကျေးရွာနှင့် ချောင်းမနားကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် လွှဲပြောင်း ပေးအပ်ခဲ့သည်။

 

ချောင်းဦးမြို့နယ်တွင် မီးသတ်စခန်း၌ မီးသတ်ယာဉ် ၅စီး၊ အရံ ၂စီး၊ ခင်မွန်ကျေးရွာ၌ ၂စီး၊ အမြင့်ကျေးရွာ၌ ၁စီး၊ တောကျောင်းကြီးကျေးရွာ၌ ၂စီး၊ သုံးပန်လှကျေးရွာ၌ ၁စီး၊ မင်းဂေါင်ကျေးရွာ၌ ၁စီးရှိပြီး ယခုအခါ နတ်ရေကန်ကျေးရွာ၌ ၁စီး၊ ချောင်းမနားကျေးရွာ၌ ၁စီး၊ စုစုပေါင်း (၁၆)စီးဖြစ်ကြောင်း ချောင်းဦးမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးတင်အောင်မိုးထံမှ သိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)