ချောင်းဦး   ၂၂  မေ


စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ ပူးပေါင်း၍ စာရေးဆရာ ကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစုသား ရွှေဥစာအုပ် စာဖတ်ဝိုင်းကို ယနေ့၊ နံနက် (၉)နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ချောင်းဦးမြို့နယ် Women Club  အဖွဲ့ ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်က အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းတို့က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး Women  Club  အဖွဲ့ဝင်များဖြစ်သော ဒေါ်တင်တင်ခိုင်၊ ဒေါ်အေးစန်းနှင့် ဒေါ်ဇင်မာဝင်းတို့က စာရေးဆရာ ကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစုသား ရွှေဥစာအုပ်မှ ကဏ္ဍအလိုက် ဆွေးနွေးကြရာ ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့် အဖွဲ့ဝင် ဒေါ်ခင်မြတ်မြတ်ဦး (မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ) တို့က သိရှိလိုသည့် အကြောင်းအရာများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN