ခေါင်လန်ဖူး   ၁၉   ဩဂုတ်

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကိုးနှစ်ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူမရှိခဲ့ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူ ကျောင်းသား/ကျောင်းသူနှစ်ဦးအား ဂုဏ်ပြုဆုချီးမြင့်ပွဲ အခမ်းအနားကို အထက(ခေါင်လန်ဖူး)တွင် သြဂုတ်၁၈ရက် နံနက် ၁၀နာရီအချိန်က  ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဂုဏ်ပြုဆုချီးမြှင့်ပွဲ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးဦးစိုးနီ၊ ခလရ(၄၆)ဒုတပ်ရင်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့က အမှာစကား အသီးသီးပြောကြားခဲ့သည်။

 

ထို့နောက် ၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်သူ အထက(ဇန်ယော့)မှ မောင်ရဲရွှေနှင့် အထက(ခေါင်လန်ဖူး)မှ မဒဟမ်ဂင်းတို့အား မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်လွတ်တော် ကိုယ်စားလှယ်‌‌လောင်းနှင့်ဂုဏ်ပြုဆု ချီးမြှင့်သူရပ်မိရပ်ဖများက ဂုဏ်ပြုလက်ဆောင်ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)