ခေါင်လန်ဖူး ၁၃ ဩဂုတ်
ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်(၂၅)ရက်နေ့မှ စ၍ ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်းများတွင် အချက်အလက်များ မှန်ကန်မှု ရှိစေရေးအတွက် မဲဆန္ဒရှင်များက လာရောက်ကြည့်ရှုကြပြီး ပြင်ဆင်လို့သည့် အချက်အလက်များကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်း ဇူလိုင်လ(၂၅)ရက်နေ့မှ သြဂုတ်လ(၁၂)ရက်နေ့ထိ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၁၂၁)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ (၇၉)ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက် မှားယွင်းသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် လျှောက်ထားသူ (၂၀၁)ဦးရှိကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်း ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၃)အုပ်စုတို့တွင် မဲရုံ(၃၆)ရုံ ထားရှိပြီး ယနေ့အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၈၄၆၉)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးနန်ဇေ့ဖုန်ဂါရမ် ထံမှ သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)