နေပြည်တော်  ၂၃  မေ

Global Earth Agro & Aqua Industry အများပိုင်ကုမ္ပဏီ၏ Food Industry Complex စီမံကိန်းတွင်ပါဝင်သည့် ခေတ်မီအအေးခန်းစက်ရုံနှင့် ငါးပေါင်းမှုန့်စက်ရုံများ၏ အုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို မေ ၂၅ ရက် နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဝါးခယ်မ - ရွှေလောင်း လမ်းမကြီး(၁၇ မိုင် ၆ ဖာလုံ)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Food Industry Complex စီမံကိန်းတွင်ပါဝင်သည့် ခေတ်မီအအေးခန်း စက်ရုံကြီး၏ ကုန်ကြမ်းပြုပြင်ထုတ်လုပ်ပေးနိုင်မှု ပမာဏသည် တစ်နေ့လျင် တန်(၅၀ဝ) နှင့် တန် (၁၀ဝ၀ဝ)သိုလှောင်ထားနိုင်ပြီး ငါးပေါင်းမှုန့်စက်ရုံများသည် ဘေးထွက်ပစ္စည်း ကုန်ကြမ်း တန် (၃၀ဝ)ပြုပြင်ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ ဉီးဆောင်မှုဖြင့် Global Earth Agro & Aqua Industry အများပိုင်ကုမ္ပဏီကို ၂၀၁၈ ခုနှစ် နှစ်ဉီးပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး ခေတ်မီငါးသားဖောက်လုပ်ငန်း၊ ခေတ်မီစနစ်ဖြင့် ကန်ကြပ်ငါး မွေးမြူရေးလုပ်ငန်း၊ ခေတ်မီအစာစက်ရုံ၊ ခေတ်မီအအေးခန်းစက်ရုံနှင့် ဘေးထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်ရေးစက်ရုံလုပ်ငန်းများနှင့် ခေတ်မီလူနေအိမ်ရာများ ပါဝင်သည့် Food Industry Complex စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

မောင်လူမော်