မိုးညှင်း     ၂၁    ဒီဇင်ဘာ 

မိုးညှင်းခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍  ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်တွင်  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့ ရှိဘောလုံးကွင်းအတွင်းကျင်းပရာ ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများအသုံးပြုသရုပ်ပြသခဲ့ကြသည်။

 

a

 

အဆိုပါသရုပ်ပြသခြင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦထဲ ပိတ်မိနေသူများနှင့်အထပ်မြင့် အဆောက်အဦအပေါ်ထပ် အပျက်အစီးများကြား ပိတ်မိနေသူများကို ခေတ်မီရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းများ ဖြစ်သည့် ရွှေ့လျားမှုအာရုံခံကိရိယာ Leader Sentry ဖြင့်အသုံးပြုထောက်လှမ်းခြင်း၊ပြိုပျက်နေသော အဆောက်အဦရှိမျက်မြင်လူနာများကို ဦးစားပေးအဆင့်အလိုက်ဘေး ကင်းဇုံသို့သယ်ယူ၍ ဆေးကုသမှုပေးနိုင်ရေးဆောင်ရွက်ခြင်း၊Leader Hasty အသုံးပြုပြီးအဆောက်အဦအပြိုအပျက်များကြား ပိတ်မိနေသူများကို ရှာဖွေခြင်း၊Guide Lineကြိုး၊ကြိုးအရှိန်ထိန်းကိရိယာ MPD၊ Tripod၊ Cirabiner ၊ Pulley တို့ကို စနစ်တကျအသုံးပြု၍ အထပ်မြင့်အဆောက်အဉီ အပျက်အစီးများကြားပိတ်မိနေသူကိုကယ်ထုတ်ခြင်း၊ လေးလံသည့် ကျောက်တုံးကျောက်ပြားများအောက်ပိမိ နေသူများကို Hydraulic  Cutterအသုံးပြုကယ်ထုတ်ခြင်း၊ မတင်ရန်မလွယ်ကူသော ပစ္စည်းများကို Lifting Bag ထည့်သွင်း၍ Hydraulic Spreader အသုံးပြု၍ မတင်ဆွဲဟခြင်း၊Line Shooter အသုံးပြု၍ ကယ်ဆယ်ခြင်းနှင့်မီးငြှိမ်းသတ်ရေး စွမ်းရည်ပြသခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ဆက်လက်၍ သရုပ်ပြအခမ်းအနားသို့တက်ရောက်လာသည့် ကျောင်းသား/သူများနှင့်ပူး ပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုန့်ပြန် ဆောင်ရွက်ရေးများကို ဂိမ်းပုံစံပြုလုပ်ပြီးမိသားစု ၊သူငယ်ချင်းများနှင့်အတူ လေ့လာဆော့ကစားနိုင်သော (Kaeru Caravan) အစီအစဉ်ကို မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သရုပ်ပြသခြင်းအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့်ခ ရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။ 

ကျော်ကျော်ထွေး(မိုးညှင်း)ကျော်ကျော်ထွေး