မိုးညှင်း ၂၁ ဒီဇင်ဘာ
မိုးညှင်းခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်တွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့ ရှိဘောလုံးကွင်းအတွင်းကျင်းပရာ ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများအသုံးပြုသရုပ်ပြသခဲ့ကြသည်။
အဆိုပါသရုပ်ပြသခြင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦထဲ ပိတ်မိနေသူများနှင့်အထပ်မြင့် အဆောက်အဦအပေါ်ထပ် အပျက်အစီးများကြား ပိတ်မိနေသူများကို ခေတ်မီရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းများ ဖြစ်သည့် ရွှေ့လျားမှုအာရုံခံကိရိယာ Leader Sentry ဖြင့်အသုံးပြုထောက်လှမ်းခြင်း၊ပြိုပျက်နေသော အဆောက်အဦရှိမျက်မြင်လူနာများကို ဦးစားပေးအဆင့်အလိုက်ဘေး ကင်းဇုံသို့သယ်ယူ၍ ဆေးကုသမှုပေးနိုင်ရေးဆောင်ရွက်ခြင်း၊Leader Hasty အသုံးပြုပြီးအဆောက်အဦအပြိုအပျက်များကြား ပိတ်မိနေသူများကို ရှာဖွေခြင်း၊Guide Lineကြိုး၊ကြိုးအရှိန်ထိန်းကိရိယာ MPD၊ Tripod၊ Cirabiner ၊ Pulley တို့ကို စနစ်တကျအသုံးပြု၍ အထပ်မြင့်အဆောက်အဉီ အပျက်အစီးများကြားပိတ်မိနေသူကိုကယ်ထုတ်ခြင်း၊ လေးလံသည့် ကျောက်တုံးကျောက်ပြားများအောက်ပိမိ နေသူများကို Hydraulic Cutterအသုံးပြုကယ်ထုတ်ခြင်း၊ မတင်ရန်မလွယ်ကူသော ပစ္စည်းများကို Lifting Bag ထည့်သွင်း၍ Hydraulic Spreader အသုံးပြု၍ မတင်ဆွဲဟခြင်း၊Line Shooter အသုံးပြု၍ ကယ်ဆယ်ခြင်းနှင့်မီးငြှိမ်းသတ်ရေး စွမ်းရည်ပြသခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ဆက်လက်၍ သရုပ်ပြအခမ်းအနားသို့တက်ရောက်လာသည့် ကျောင်းသား/သူများနှင့်ပူး ပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုန့်ပြန် ဆောင်ရွက်ရေးများကို ဂိမ်းပုံစံပြုလုပ်ပြီးမိသားစု ၊သူငယ်ချင်းများနှင့်အတူ လေ့လာဆော့ကစားနိုင်သော (Kaeru Caravan) အစီအစဉ်ကို မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြသခြင်းအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့်ခ ရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)ကျော်ကျော်ထွေး


