ချီဖွေ ၁၉ စက်တင်ဘာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း Covid -19 ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ သို့ထွက်ခွာသွားလာရာကြရာတွင် နှာခေါင်း စည်း(Mask) များ တပ်ဆင်သွားလာကြစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask) များ တပ်ဆင်သွား လာခြင်းခြင်းရှိ/မရှိ စစ်ဆေးအသိပညာပေးခြင်းကို ယနေ့နံနက်(၈)နာရီက ချီဖွေမြို့နယ် လမ်းဆုံလူစည် ကားရာ နေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒု-ရဲအုပ် နိုင်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအမှုဆောင် အရာရှိ ဦးဇောင်းရယ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဖွဲ့ဝင်တို့ပူးပေါင်း၍ နှာခေါင်း စည်း(Mask) တပ်ဆင်သွားလာခြင်း မရှိသည့် ပြည်သူများအား ဒဏ်ငွေ(၅၀ဝ၀) ပေးဆောင်စေပြီး နှာခေါင်းစည်း (Mask) (၅)ခု ပေးဝေကာ ဒဏ်ရိုက်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ ချီဖွေမြို့နယ်ပြည်သူများ နေအိမ် ပြင်ပထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာစေရန် ရည်ရွယ်၍ စက်တင်ဘာလ(၅) ရက်နေ့မှစ၍ စက်တင်ဘာ(၁၉)ရက်ထိ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွား လာခြင်းမရှိသည့် ပြည်သူ(၁၄)ဦးအား တစ်ဦးလျှင်ဒဏ်ငွေ (၅၀ဝ၀)ပေးဆောင် စေပြီး နှာခေါင်းစည်း (Mask) (၅)ခုစီ ပေးဝေ အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
နန်းမြင့်(မြို့နယ် ပြန်/ဆက်)


