ခိုလမ်  ၂၇   ဩဂုတ်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင်၊  ခိုလမ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ခိုလမ်မြို့ဝင်ဂိတ်တွင် ယနေ့နံနက် ၇ နာရီမှစ၍ စစ်ဆေးရေးဂိတ်ထားရှိပြီး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် အများပြည်သူ ခရီးသွားများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်များအား  ခရီးသွားမှတ်တမ်း ကောက်ယူခြင်းများကို ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ အလှည့်ကျ တာဝန်ယူပြီး နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီ အချိန်အထိ ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးဝင်း(ပြန်/ဆက်)