မန္တလေး ၉ ဇွန်
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့သို့ (CAE) ကိုယ်ပိုင် အထက်တန်းကျောင်းမှ မီးသတ်မော်တော်ယာဉ် ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက မီးသတ်မော်တော်ယာဉ် လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်စကား ပြောကြားပြီး (CAE)ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ ဒေါ်နှင်းနှင်းမော်နှင့် ညီမ ဒေါ်နုနုရီတို့က မီးသတ်မော်တော်ယာဉ် လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် မီးသတ်မော်တော်ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အလှူရှင် မိသားစုက ပေးအပ်ရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဘိုဘိုဟန်