နမ့်စန်(တ) ၁၉ မေ

 


ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် သောက်သုံးရေရှားပါးလျက်ရှိသော ကျေးရွာများကို ခမ်းလီသောက်ရေသန့် မိသားစုက မေ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် သောက်ရေသန့်ဘူးများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

fgt

 


ခမ်းလီသောက်ရေသန့် ပိုင်ရှင်မိသားစုနှင့် ဝန်ထမ်းမိသားစုများက ပုတ်ပျံ၊ လွိုင်ဖွီး၊ တွံတီးနှင့် နမ့်ကြုတ် ကျေးရွာများရှိ အိမ်ထောင်စု ၅၀ဝ စုအတွက် ၅ ဂါလံဆံ့ သောက်ရေဘူး ၅၀ဝ (စုစုပေါင်း တန်ဖိုး ၁၁၅၀ဝ၀ဝ ကျပ်)ကို ကျေးရွာအရောက် သွားရောက်လှူဒါန်းပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်နှင့် ရပ်/ကျေးစာရေးများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

rtge

 


“သောက်ရေလာလှူပေးတဲ့ မိသားစုကို အရမ်းကျေးဇူးတင်ပါတယ်၊ ရေဘူးပါလှူပေးတဲ့အတွက် ပိုအဆင်ပြေပါတယ်”ဟု ပုတ်ပျံကျေးရွာနေ ယင်းကျားတိုင်းရင်းသား တစ်ဦးက ပြောကြားခဲ့ပြီး ရေခက်ခဲသော ကျေးရွာများသို့ သောက်ရေသန့်များ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း အလှူရှင် ဒေါ်မိုးမိုးထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)