ခါမ်းပါတ် ၄ စက်တင်ဘ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခါမ်းပါတ်မြို့တွင် ကျေးရွာလျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၄၀၀ ဗို့အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိန်းကယား(ဗမာ)ကျေးရွာတွင် ၄၀၀ ဗို့အားလိုင်း (၁ ဒသမ ၂၇) မိုင်နှင့် နန်းခေါက်ခေါက် ကျေးရွာတွင် ၄၀၀ ဗို့အားလိုင်း (၁ ဒသမ ၂၇)မိုင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ အဆိုပါ လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် မီးတိုင်ထူခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)


