တွံတေး ၂ ဇူလိုင်


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်းနှင်းရေးအတွက် ခြင်စားငါး(ဒေါင်းငါး) စိုက်ထည့်ရန်ပေးအပ်ပွဲကို ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ရုံးခန်းမ၌ ကျင်းပခဲ့သည်။

 

1


ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်မိုးသူဇာမောင်မှ အဆိုပါလုပ်ငန်းသည် သွေးလွန်တုပ်ကွေးဖြစ်စေမည့် ပိုးလောက်လန်းများအား စားသုံးသည့် ခြင်စာငါး(ဒေါင်းငါး)များ ထည့်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျော့ကျနိုင်သည့်အတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။


အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား တာဝန်ရှိသူများက ခြင်စားငါးများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


မျိုးလှိုင် (တွံတေး)

 

1