ကန်ပက်လက် ၁၁ ဇွန်
ချင်းပြည်နယ်တွင် ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇွန် ၁၀ ရက်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သစ်တောရေးရာဝန်ကြီး ဦးမန်ဟင်ဒါးလ်နှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဖွေအားတို့သည် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင်၊ ခရိုင်မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါလျက် ကန်ပက်လက်မြို့နယ် အတွင်းရှိ လမ်းပန်းဆက်သွယ်မှု အဆင်ပြေစေရေး၊ သဘာဝသစ်တောများ ထိန်းသိမ်းရေးနှင့် လဲပုံကျေးရွာအနီး ကျော်စွာကုမ္ပဏီမှ စမ်းသပ် တူးဖော်နေသည့် ကြေးနီသတ္တုစီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကြပြီး အဆိုပါကုမ္ပဏီ အနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
သန်းမောင်(ပြန်/ဆက်)


