ကန်ပက်လက်   ၁၁   ဇွန်

 

ချင်းပြည်နယ်တွင် ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို   ဇွန် ၁၀ ရက်နေ့က  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ချင်းပြည်နယ်၊ သယံဇာတနှင့်     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး   သစ်တောရေးရာဝန်ကြီး ဦးမန်ဟင်ဒါးလ်နှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဖွေအားတို့သည် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်​ ဒေါ်ခင်ဆွေလွင်၊ ခရိုင်မြို့နယ်အဆင့်    တာဝန်ရှိသူများ လိုက်ပါလျက်     ကန်ပက်လက်မြို့နယ် အတွင်းရှိ လမ်းပန်းဆက်သွယ်မှု   အဆင်ပြေစေရေး၊ သဘာဝသစ်တောများ ထိန်းသိမ်းရေးနှင့် လဲပုံကျေးရွာအနီး ကျော်စွာကုမ္ပဏီမှ စမ်းသပ် တူးဖော်နေသည့်  ကြေးနီသတ္တုစီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကြပြီး အဆိုပါကုမ္ပဏီ အနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ပေးခဲ့ကြောင်း  သိရသည်။

 

သန်းမောင်(ပြန်/ဆက်)