နေပြည်တော်၊ ဒီဇင်ဘာ ၄

 

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့နှင့် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများတွင် တပ်မတော်က လေကြောင်းအသုံးပြု၍ ဓာတုဓာတ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်နေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ အချို့က မဟုတ်မမှန်သတင်းများ အွန်လိုင်း မီဒီယာများတွင်  ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

 

တပ်မတော်အနေဖြင့် အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်ရာတွင် ထိရောက်သော လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူရယူပြီး  တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုများကြောင့် AA အကြမ်းဖက်အဖွဲ့များသည် အကျအဆုံးများလာပြီး ၎င်းတို့အဖွဲ့အတွင်း စိတ်ဓာတ်ပျက်ပြားကာ တိုက်လိုခိုက်လိုစိတ် မရှိကြတော့သဖြင့် တပ်မတော်မှ ဓာတုဓာတ်ငွေ့ဗုံးများ အသုံးပြုသည်ဟု မဟုတ်မမှန်လုပ်ကြံ၍ တရားမဝင် ပြည်ဖျက်မီဒီယာများ အားကိုးကာ သတင်းမှားများ  ထုတ်လွှင့်ခြင်းသာ  ဖြစ်ကြောင်းနှင့် တပ်မတော်မှ လေကြောင်းပစ်ကူရယူရာတွင် ဓာတု ဓာတ်ငွေ့ဗုံးများအား မည်သည့်တိုက်ပွဲများတွင်မှ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးများကို ထိရောက်စွာ  ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်