ထန်တလန် ၂၄ ဩဂုတ်
ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုသက်သာရေး အစီအစဉ်အရ (၂၄.၈.၂၀၂၀) ရက်နေ့တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ဦး ကြီးမှူး၍ ပြည်နယ်ငါးလုပ်ငန်းစခန်း(ရမ်ထလို)မှ ငါးမွေးတောင်သူ (၁၃)ဦးတို့အတွက် ရွှေဝါငါးကြင်းနှင့် မြက်စားငါးကြင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀)အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
MDN


