ဟားခါး ဇွန် 

 

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ နိုင်ငံသား စိစစ်ရေး  ကတ်ပြား ထုတ်ပေးခြင်း၊ မှတ်ပုံတင် နိုင်()စာရင်းများအား Excel Format ဖြင့် ရိုက်သွင်းခြင်းနှင့် Software  အတွင်း ထည့်သွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ရက် နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်က နိုင်() စာရင်းရေးသွင်းမှုအား တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၏ စေတနာထား ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ရန် ရာခိုင်နှုန်း အနည်းငယ်သာ ကျန်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က သတ်မှတ်ရက်မတိုင်မီ ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က လုပ်ငန်းဆောင်ရွက်မှု အပေါ် တစ်မြို့နယ်ချင်းအလိုက် သုံးသပ်အကြံပြု ဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ပူးပေါင်းဆောင်ရွက်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ထောက်ပံ့နိုင်ရေး ဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ချင်းပြည်နယ်၏ နိုင်()မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ရန် စုစုပေါင်း လူဦးရေ ၅၅၈၁၅၅ ဦးရှိသည့်အနက် ဇွန် ရက်အထိ ဆောင်ရွက်ပြီး  လူဦးရေ ၅၃၅၀၅၆ ဦး (၉၅ ဒဿမ ၈၆ ရာခိုင်နှုန်း)နှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လူဦးရေ ၂၃၀၉၉ ဦး ( ဒဿမ ၁၄ ရာခိုင်နှုန်း) ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)