ဖလမ်း ၁၅ မေ
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် မေ ၁၃ ရက် ညနေပိုင်းက ခေါဒါရ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲကို တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို အဆိုပါကျောင်း၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးကျောင်း၏ သမိုင်းအကျဉ်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ကိမ်လွမ်းက ရှင်းလင်းတင်ပြသည်။
ထို့နောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇာကပ်လျန်က ဒေသလိုအပ်ချက်များကို တင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ခေါဒါရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ဂျွန်