ချင်းရွှေဟော်     စက်တင်ဘာ  

 

ချင်းရွှေဟော်မြို့ရှိ  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ၎င်းတို့၏  သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်များသို့  ပြန်လည်ရောက်ရှိနိုင်ရေးအတွက်  စနစ်တကျ  စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာ ရက် ညနေ နာရီက လေးဉီးနှင့် ယနေ့ မွန်းလွဲ နာရီခွဲက လေးဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ရှစ်ဉီးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ ရှစ်ဉီးမှာ အမျိုးသား ခုနစ်ဉီး၊ အမျိုးသမီးတစ်ဉီးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော် မြို့နယ်မှ တစ်ဉီး၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှတစ်ဉီး၊  ရေစကြိုမြို့နယ်မှတစ်ဉီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်မှ တစ်ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်မှ တစ်ဉီး၊ သိန္နီမြို့နယ်မှနှစ်ဉီးနှင့် တာမိုးညဲမြို့နယ် မှ တစ်ဉီးတို့ ဖြစ်သည်။

 

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာ   တိုင်းဒေသကြီး/ပြည်နယ်များသို့  နေရပ်ပြန်ပြည်သူများအား   စနစ်တကျ လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား (၈၂၈၉) ဉီးနှင့် အမျိုးသမီး (၆၆၉၁)ဉီးတို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၉၈၀) ဉီးကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)