ချင်းရွှေဟော်  ၆  စက်တင်ဘာ

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေရပ်ပြန်ပြည်သူများ ဝင်ရောက်လျက်ရှိရာ စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီက (၁၁)ဦးနှင့် ယနေ့ မွန်းလွဲ ၃ နာရီခွဲက (၃) ဦး စုစုပေါင်း (၁၄)ဦးအား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ(၁၄)ဦးမှာ အမျိုးသား (၉)ဦး၊ အမျိုးသမီး(၅)ဦးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှ (၂)ဦး၊  ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှ (၃)ဦး၊ မိုင်းရယ်မြို့နယ်မှ (၂)ဦး၊ လောက်ကိုင်မြို့နယ်မှ (၂)ဦး၊ သိန္နီမြို့နယ်မှ (၃)ဦးနှင့် ဟိုပန်မြို့နယ်မှ(၁)ဦးတို့ ဖြစ်သည်။

 

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့  နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား (၈၂၈၂)ဦးနှင့် အမျိုးသမီး(၆၆၉၀)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၉၇၂)ဦးတို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)