ချင်းရွှေဟော်    ၂၆  စက်တင်ဘာ   

 

ချင်းရွှေဟော်မြို့ရှိ  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက်  စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၆)နာရီ အချိန်က နေရပ်ပြန်ပြည်သူ(၃၉)ဉီးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၃၉)ဉီးမှာ အမျိုးသား(၂၄)ဉီးနှင့် အမျိုးသမီး (၁၅)ဉီးတို့ ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်မှ(၁)ဉီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်မှ(၁)ဉီး၊ အောင်မြေ သာဇံမြို့နယ်မှ(၁)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ (၂)ဉီး၊ စစ်ကိုင်းမြို့နယ်မှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှ(၂)ဉီး၊ ချောက်မြို့နယ်မှ (၁)ဉီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ် မြို့နယ်မှ(၁၄)ဉီး၊ သီပေါမြို့နယ်မှ(၁)ဉီး နှင့် တန့်ယန်းမြို့နယ်မှ(၁၄)ဉီးတို့ဖြစ်သည်။

 

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ  တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့  မှ ယနေ့ အထိ အမျိုးသား(၈၅၃၇)ဉီး နှင့် အမျိုးသမီး (၆၈၇၃)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၄၁၀)ဉီး တို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)