ချင်းရွှေဟော်  ၃  စက်တင်ဘာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီက (၂၅)ဉီးနှင့် ယနေ့ မွန်းလွဲ ၃ နာရီခွဲက (၁)ဉီး စုစုပေါင်း (၂၆)ဉီး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ (၂၆)ဉီးမှာ အမျိုးသား (၁၀)ဉီး၊ အမျိုးသမီး (၁၆)ဉီးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်မှ (၁)ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ (၂)ဉီး၊ နမ့်ဆန်မြို့နယ်မှ (၂)ဉီး၊ နမ္မတူမြို့နယ်မှ (၁)ဉီး၊ တန့်ယန်းမြို့နယ်မှ (၃)ဉီး၊ သီပေါမြို့နယ်မှ (၂)ဉီး၊ သိန္နီမြို့နယ်မှ (၂)ဉီး၊ လောက်ကိုင်မြို့နယ်မှ (၈)ဉီး၊ ဟိုပန်မြို့နယ်မှ (၁)ဉီးနှင့် ကွမ်းလုံမြို့နယ်မှ(၄)ဉီးတို့ ဖြစ်သည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့  စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား (၈၂၄၁)ဉီးနှင့် အမျိုးသမီး (၆၆၃၄)ဉီးဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၈၇၅)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)