ခင်ဦး ၂၉ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ရွာစဉ်ကျေးရွာ တိုက်နယ်ဆေးရုံ၌ လူနာများ လိုအပ်လျက်ရှိနေသော အကျိုးပြု အောက်စီဂျင်ဘူးများကို ယနေ့နံနက်ပိုငး်က တိုက်နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာခင်ဝင်းဌေး ထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်စီဂျင်ဘူးများကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် စာကလေးအင်းကျေးရွာ မြကန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ မှ လူနာများအတွက်လိုအပ်နေသောအောက်စီဂျင်ဘူး (၅) ဘူးနှင့် ဆေးရုံပေါ်တွင်ဆေးကုသလျက်ရှိသော လူနာ (၄၂) ဦးတို့ကို တစ်ဦးလျှင် ငွေကျပ် (၁) ထောင်၊ မုန့် များနှင့် အချိုရည်ဘူးများကို အာဟာရဒါနပြု ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)


