ခင်ဦး ၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် သဖန်းဆိပ်ဆည်ရေသောက်ဖြင့် မိုးစပါးဧက လေးသောင်း ကျော်စိုက်ပျိုးသွားမည်ဖြစ်ပြီး ဇူလိုင် ၇ ရက်တွင် ပျိုးထောင်ရေများ စတင် ပေးဝေမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။
မိုးစပါးစိုက်ပျိုးရန်အတွက် ကင်းတပ်လက်ဝဲတူးမြောင်းရှိ ဆည်ရေသောက်စီစစ်ဧက ၂၅၇၅၀ အတွက် ဧက ၁၈၇၀ဝ ကိုလည်းကောင်း၊ ရွှေဘိုမြောင်းမတော်ရှိ ဆည်ရေသောက်စီစစ်ဧက ၂၉၄၈၉ ဧကအတွက် ဧက ၂၈၀ဝ၀ စုစုပေါင်း ဧက ၄၆၇၀ဝ ကို ပျိုးထောင်ရေပေးသွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ကာဘိုး)မှ ဦးစီးအရာရှိ ဦးထွန်းထွန်းထံမှ သိရသည်။
စိုးဝေအောင်(ခင်ဦး)


