ခင်ဦး     ၂  စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မီးသတ်စခန်း၏ အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာရှိ ပင်တင်းဆည်တွင် ယနေ့ နံနက် ၆ နာရီခန့်က ထူးပေါက်ဂလိုင်ဖြစ်ပွား၍ သဲအိတ်ချခြင်း ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်ထံမှ  သိရသည်။

 

ပင်တင်းဆည်တွင် (၂)ပေပတ်လည်ခန့် ထူးပေါက်ဂလိုင်ဖြစ်ပွားကြောင်း သတင်းအရ ခင်ဦးမြို့နယ် မီးသတ်စခန်း တာဝန်ခံ ဦးကျော်သူခ  ဦးဆောင်သော  ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၀) ဦးတို့သည် မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦး၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ ခင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများပူးပေါင်း၍ ထူးပေါက်ဂလိုင်ဖြစ်ပွားရာနေရာကို သဲအိတ်ချခြင်း ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၁၀ မိနစ် တွင် ပြီးစီးခဲ့ပြီး  ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာအတွင်းသို့ ဆည်ရေဝင်ရောက်မှုမရှိကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)