ခင်ဦး ၁၅  မေ 


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် သောက်ရေသန့် ထုတ်လုပ်သည့် စက်ရုံ (၂) ရုံအား သန့်ရှင်းမှု ရှိ၊ မရှိကို ယနေ့ နံနက် ၈ နာရီက ခရိုင်စားသုံးသူရေးရာဦးစီးမှူး ဦးကျော်ငွေ၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ တာဝန်ခံ ဦးဌေးတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်တင့်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦး၊ မြို့မကျန်းမာရေးမှူး ဦးလွင်မိုးဇော်နှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့များက ရှောင်တခင် စစ်ဆေးခဲ့သည်။


အဆိုပါအဖွဲ့သည် USUALLY သောက်ရေသန့်စက်ရုံနှင့် CHIT CHIT KHIT KHIT သောက်ရေသန့်စက်ရုံတို့တွင်ရှိရမည့် သတ်မှတ်ထားသည့် လိုင်စင်များရှိ၊ မရှိ၊ ရေသန့်ဘူးများတွင် ရေညှိများ ပါဝင်နေပြီး သန့်ရှင်းမှု ရှိ၊ မရှိ၊ ရေသန့်ဘူးများ ဆေးကြောနေမှု အဆင့်ဆင့်နှင့် ရေသန့်ထုတ်လုပ်နေမှုတို့ကို ရှောင်တခင် စစ်ဆေးပြီး ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်များကို နမူနာယူခဲ့သည်။


USUALLY သောက်ရေသန့်တွင် ရေညှိများပါဝင်နေကြောင်းနှင့် ကျန်းမာရေးအတွက် ရေသန့်ကို ဝယ်သောက်ခြင်းဖြစ်ပြီး ငွေကုန်ပြီး ပိုက်တွင်းရေ(ဘုံဘိုင်၊ တုံကင်)လောက်မှ သန့်ရှင်းမှုမရှိ၊ ဆိုးရွာလွန်းသည့်ဟု Kie Pyay Gio ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။


စိုးဝေအောင်(ခင်ဦး)