ခန္တီး ၂၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကောင်းဟိန်ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြစ် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်အိအိသန်းက ပြည်သူ့စကားဝိုင်း ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖိလစ်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရာဌေး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးထွန်းဇော်အောင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝေ၊ မြို့နယ်ကျန်းမာရေး(ကြီးကြပ်-၁) ဦးမင်းဇော် ဒုရဲအုပ်ကျော်သူရ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသုတစိုးတို့က သက်ဆိုင်ရာ ဌာနအလိုက် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများအား အသီးသီးရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းပြောကြားမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြည်သူ့စကားဝိုင်းတွင် ကျေးလက်ဒေသခံ ပြည်သူများ ၁၅၀ တက်ရောက် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ချန်လော(ခန္တီး)