နေပြည်တော်၊ ဧပြီ ၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၃၄ ဒသမ ၉ဝဝ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ မယ်ပုတ် - ကျားကိုက် - မလန်ပိုင် ကျေးရွာချင်းဆက်လမ်း မြေလမ်း ၁၀ မိုင် အနက် မြေသားလမ်း ၃ မိုင်နှင့် အဆိုပါလမ်းပိုင်းပေါ်တွင် Box Culvert ၁၀ စင်း တည်ဆောက်ခြင်း လုပ်ငန်းများသည် သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ခန္တီးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

အဆိုပါလမ်း ဖောက်လုပ်ပေးနိုင်မှုကြောင့် ချင်းတွင်းမြစ်အနောက် ဘက်ကမ်းရှိ အဓိကကျေးရွာ ၃ ရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကုန်စည်စီးဆင်းမှုများစွာ အထောက်အကူ ပြုသည့်အတွက် ကျေးလက်နေပြည်သူများအနေဖြင့် များစွာဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ ခန္တီးခရိုင်အတွင်း ပြည်ထောင်စု နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၇၂ဝ ဒသမ ၈၉၃ သန်း၊ တိုင်းဒေသကြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ငွေကျပ် ၇၃ဝ ဒသမ ၉၃၈ သန်း၊ စုစုပေါင်း ငွေကျပ် ၁၄၅၁ ဒသမ ၈၃၁ သန်းတို့ဖြင့် မြေသားလမ်း ၁၄ မိုင် ၆ ဖာလုံ၊ အမာခံလမ်း ၈ မိုင်၊ ကွန်ကရစ် တံတား ၂ စင်း၊ Box Culvert ၂၅ စင်းနှင့် သောက်သုံးရေး ရရှိရေးလုပ်ငန်း ၂ ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်