ဟိုင်းကြီးကျွန်း  ၂၅  ဒီဇင်ဘာ

 

ခရစ်စမတ်နေ့ အထိမ်းအမှတ် “လောကဝမ်းမြောက် ဘုရားကြွလာ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ကျင်းပသည်။

 

အခမ်းအနားကို ခရစ်ယာန်ဘာသာဝင်များ တက်ရောက်ခဲ့ပြီး ခရစ်ယာန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ကာ ဆရာ Abraham က ခရစ်စမတ် ဒေသနာတော်များကို ဝေမျှ ဟောပြောခဲ့သည်။

 

8

 

ထို့နောက် ခရစ်ယာန် တေးသီချင်းများဖြင့် ဆက်လက်သီဆိုဖျော်ဖြေခဲ့ကြပြီး တက်ရောက် လာကြသူများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

 

လောကဝမ်းမြောက် ဘုရားကြွလာ အခမ်းအနားကို နံနက်ပိုင်းတွင်ကျင်းပပြီး ညပိုင်းတွင်လည်း  ဆရာစောအယ်ဝါးက ခရစ်စမတ် ဒေသနာတော်များကို ဟောပြောကာ ခရစ်ယာန်တေးသီချင်းများ၊ ဒေသခံ လူငယ်များ၏ ဖျော်ဖြေမှုများဖြင့် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)