ဟိုင်းကြီးကျွန်း ၂၅ ဒီဇင်ဘာ
ခရစ်စမတ်နေ့ အထိမ်းအမှတ် “လောကဝမ်းမြောက် ဘုရားကြွလာ” အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ကျင်းပသည်။
အခမ်းအနားကို ခရစ်ယာန်ဘာသာဝင်များ တက်ရောက်ခဲ့ပြီး ခရစ်ယာန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ကာ ဆရာ Abraham က ခရစ်စမတ် ဒေသနာတော်များကို ဝေမျှ ဟောပြောခဲ့သည်။
ထို့နောက် ခရစ်ယာန် တေးသီချင်းများဖြင့် ဆက်လက်သီဆိုဖျော်ဖြေခဲ့ကြပြီး တက်ရောက် လာကြသူများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
“လောကဝမ်းမြောက် ဘုရားကြွလာ” အခမ်းအနားကို နံနက်ပိုင်းတွင်ကျင်းပပြီး ညပိုင်းတွင်လည်း ဆရာစောအယ်ဝါးက ခရစ်စမတ် ဒေသနာတော်များကို ဟောပြောကာ ခရစ်ယာန်တေးသီချင်းများ၊ ဒေသခံ လူငယ်များ၏ ဖျော်ဖြေမှုများဖြင့် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


